Friday 2 May 2014

Nail Art Design

Cool and Amazing Newspaper Nail Art Design



ဒီတစ်ခေါက်တော့ လက်သည်းလေးတွေကို သတင်းစာ စာလုံးဒီဇိုင်းလေးတွေ ပုံဖော်တဲ့နည်းလေးကို မျှဝေချင်ပါတယ်...။
သူများတွေ ဒီ ဒီဇိုင်းလေးကို လုပ်ထားတာတွေ့ရင် ကျွန်မလဲ လုပ်တတ်ချင်နေခဲ့တယ်...။
ပြီးတော့ စိတ်ထဲမှာလဲ တော်တော်ခက်မယ်လို့ထင်နေတာ...။
ဒါပေမယ့် တကယ့်တကယ်ကျတော့ လွယ်လွယ်လေးပါ...။





လိုအပ်တဲ့ပစ္စည်းကလဲ နည်းနည်းလေးပဲ...
လက်သည်းနီ(၁)ပုလင်း
Top coat လက်သည်းနီအကြည် (၁) ပုလင်း
ကတ်ကြေး (၁)လက်
သတင်းစာ စက္ကူ
အရက်အနည်းငယ်


ကဲဒီတော့ ခုပဲ စလုပ်ကြည့်ရအောင်နော်....

၁) ကိုယ်ရွေးချယ်ထားတဲ့လက်သည်းနီအရောင်ကိုဆိုးလိုက်ပြီး.. လုံးဝခြောက်သွားတဲ့အထိထားလိုက်ပါ...။
(လက်သည်းနီအရောင်ရွေးတဲ့အချိန်မှာ အရောင်အနုလေးတွေကိုပဲရွေးသင့်ပါတယ်... ဒါမှ သတင်းစာစက္ကူက အမဲရောင်လေးက ကိုယ့်လက်သည်းပေါ်မှာ ထင်ထင်ရှားရှားပေါ်နေမှာပါ...။ Newspaper design နဲ့အလိုက်ဖက်ဆုံးဖြစ်ဖို့... ဖြစ်နိုင်ရင်တော့ ခဲရောင်နုနုလေးတို့ အသားရောင်နုနုလေးတို့ကို ရွေးပေးပါနော်...။)

၂) သတင်းစာစက္ကူလေးတွေကို ၁လက်မပတ်လည်လောက်စီ ၁၀ပိုင်း ဖြတ်ထားပါ။
(သတင်းစာ ဖြတ်တဲ့နေရာမှာ ကိုယ့်လက်သည်းကို ပတ်မိလောက်အောင်ဖြတ်ပါ...။)

၃) အရက်နည်းနည်းကို ခွက်တစ်ခုထဲထည့်ပါ...။
(ဘာအမျိုးအစား အရက်ဖြစ်ဖြစ်ရပါတယ်...။ အရက်ရာနှုန်းများများပါလေ ပိုကောင်းလေပါ...။ ပုံမှာပြထားတဲ့ Rubbing Alcohol (70% alcohol) ရှိရင်တော့အကောင်းဆုံးပါဘဲ...။)




၎) ဖြတ်ထားတဲ့သတင်းစာစက္ကူတစ်ရွက်ကို အရက်ထဲ စက္ကန့် ၃၀ လောက်နှစ်ထားပါ။ သတင်းစာစက္ကူက ပိုထူရင် အချိန်ပိုကြာကြာထားပါ...။ ဒါမှ အရက်တွေသတင်းစာစက္ကူထဲကို လုံးဝစိမ့်ဝင်သွားမှာပါ...။
(အရက်ပမာဏက သတင်းစာစက္ကူမြုပ်ရုံလောက်ဆို ရပါပြီ...။)

၅) လုံးဝခြောက်နေတဲ့ ဆေးဆိုထားတဲ့လက်သည်းပေါ်ကို အရက်စိမ်ထားတဲ့ သတင်းစာစက္ကူလေးကို လက်နဲ့ ဖိကပ်ပေးလိုက်ပါ...။ စက္ကန့်၂၀လောက် ကပ်ထားတဲ့အတိုင်းထားလိုက်ပါ...။
(လက်သည်းဖက်ခြမ်းကို ကိုယ်လိုချင်တဲ့ စာသားဖက်ကိုကပ်ဖို့တော့ မမေ့နဲ့နော်...။)

၆) နောက်ဆုံးအနေနဲ့တော့ သတင်းစာစက္ကူကို ဖြည်းဖြည်းခွာလိုက်ပါ...။ ခွာနေတဲ့အချိန်မှာ စာသားတွေက လက်သည်းပေါ်မှာ ကျန်နေခဲ့ရပါမယ်...။




၇) တကယ်လို့ လက်သည်းပေါ်မှာ သတင်းစာစက္ကူအကြွင်းအကျန်တွေကျန်နေရင်တော့ လက်သည်းပေါ်ကိုအရက် နည်းနည်းလောင်းချပြီး... လက်နဲ့ စက္ကူဖတ်တွေကို ဖွဖွပွတ်ဖယ်လိုက်ပါ...။

၈) လက်သည်းလေးအရောင်တောက်ပြီး ကြာကြာခံအောင် top coat လေးကို အပေါ်က ဆိုးလိုက်ပါ...။

လက်သည်း၁၀ချောင်းလုံးကို အထက်ကနည်းအတိုင်းလုပ်လိုက်ရင် အရမ်းလှတဲ့ ထူးထူးခြားခြားဒီဇိုင်းလေးကို ကိုယ်တိုင်လုပ်နိုင်ပြီပေါ့...။

အားလုံး စိတ်၏ချမ်းသာခြင်း ကို်ယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံနိုင်ကြပါစေ...။
Thank you.... :D




No comments:

Post a Comment