Monday 12 September 2016

Primer ဆိုတာဘာလဲ??? ဘာကြောင့် သုံးသင့်သလဲ???

ခုနောက်ပိုင်းမှာ မိန်းကလေးအများစုဟာ မိတ်ကပ်ကို နေ့စဉ်အသုံးပြုလာကြပါတယ်။ ဒါပေမယ့် မိတ်ကပ်မသုံးခင်မှာ face primer ကိုအသုံးပြုသူ တော်တော်နည်းတာကိုတွေ့ရပါတယ်။ အသားအရေထိန်းသိမ်းတဲ့ skin care တွေကို အသုံးပြုနေတဲ့ အမျိုးသမီးတွေတောင်မှ primer ကို သိပ်မသုံးကြတာ တွေ့ရတဲ့အတွက် primer ရဲ့ အကျိုးရှိပုံလေးတွေကို ပြောပြချင်ပါတယ်။
make-up artist တော်တော်များများကတော့ quality ကောင်းတဲ့ primer ကိုပိုသုံးသင့်တယ်လို့ပြောထားပါတယ်။ ဘယ်လောက်ကောင်းတဲ့ မိတ်ကပ်ဖြစ်ဖြစ် မျက်နှာအသားအရေကို အနည်းငယ်တော့ ထိခိုက်စေတာပါပဲ။ တကယ်တော့ primer သုံးထားခြင်းဟာ မိတ်ကပ်တွေ မျက်နှာအသားအရည်ဆီကို တိုက်ရိုက်မရောက်အောင် ကြားခံအနေနဲ့ ကာကွယ်ပေးပါတယ်။
ဒါ့အပြင် primer ဟာ ကိုယ်သုံးတဲ့မိတ်ကပ်ကို ပုံမှန်ချိန်ထက် ပိုမိုကြာရှည်ခံအောင် အထောက်အကူပြုပါတယ်။ primer လိမ်းပြီးရင် အသားအရည်ဟာ ပိုမိုနူးညံ့ပြီး တစ်ချို့အစက်အပြောက်တွေကိုတောင် မှေးမှိန်စေမှာဖြစ်ပါတယ်။ အသားအရေကိုလဲ ညီညာစေတဲ့အပြင် မိတ်ကပ်လိမ်းရာမှာလဲ ပိုမိုချောမွေ့စေပါတယ်။
primer ကို မိတ်ကပ်မလိမ်းခင်မှာ လိမ်းပေးရမှာ ဖြစ်ပါတယ်။ skin care သုံးတဲ့သူကလဲ skin care သုံးအပြီး မိတ်ကပ်မလိမ်းခင် ကြားမှာ primer လိမ်းပေးရမှာဖြစ်ပါတယ်။ primer လိမ်းပြီးရင် အထိရောက်ဆုံးဖြစ်ဖို့ 30 to 45 seconds လောက် မိတ်ကပ်မလိမ်းပဲ ခနစောင့်ပေးရပါတယ်ရှင်။
primer အနေနဲ့ မျက်နှာတစ်ခုလုံးအတွက် face primer ရှိသလို မျက်လုံးတစ်ဝိုက် သုံးတဲ့ eye primer ၊ နှုတ်ခမ်းအတွက် သီးသန့်သုံးတဲ့ lip primer ဆိုပြီးအမျိုးမျိုးရှိပါတယ်။
မျက်နှာအတွက် သီးသန့် primer မှာတောင်မှ အဆီအပြန်တဲ့အသားအရည်အတွက်လား၊ အသားခြောက်တဲ့သူအတွက်လား၊ UV ကာကွယ်ဖို့အဓိကလား ဆိုပြီး နောက်ထပ်အမျိုးမျိုး ကွဲပြားပါသေးတယ်။
primer မှာလဲ brand အမျိုးမျိုးရှိတဲ့အတွက် အရေးကြီးဆုံးအချက်ကတော့ primer ၀ယ်တဲ့အခါ ရေဓါတ်များပြီး silica or silicone နဲတဲ့ primer ကို ၀ယ်ဖို့အကြံပေးချင်ပါတယ်ရှင်။

Best primer 2016~
Laura mercier
Benefit
Urban Decay
Smashbox
Chanel
Hourglass
Yves Saint Laurent
MAC
Eve Lom

More Beauty!
With loves;
Fancy Boo

Friday 2 May 2014

Nail Art Design

Cool and Amazing Newspaper Nail Art Design



ဒီတစ်ခေါက်တော့ လက်သည်းလေးတွေကို သတင်းစာ စာလုံးဒီဇိုင်းလေးတွေ ပုံဖော်တဲ့နည်းလေးကို မျှဝေချင်ပါတယ်...။
သူများတွေ ဒီ ဒီဇိုင်းလေးကို လုပ်ထားတာတွေ့ရင် ကျွန်မလဲ လုပ်တတ်ချင်နေခဲ့တယ်...။
ပြီးတော့ စိတ်ထဲမှာလဲ တော်တော်ခက်မယ်လို့ထင်နေတာ...။
ဒါပေမယ့် တကယ့်တကယ်ကျတော့ လွယ်လွယ်လေးပါ...။



Saturday 5 October 2013

အလွယ်ကူဆုံး လက်သည်းဒီဇိုင်း လှလှလေးလုပ်နည်း (Easy and Stylish Dotted Nail Art Design)


ခုလက်သည်းဒီဇိုင်းအတွက်တော့ လက်သည်းဆိုးဆေး အရောင်သုံးရောင်နဲ့ လက်သည်းဆိုးစုတ်တံအပါးလေးပဲလိုပါတယ်…။
စုတ်တံမရှိတဲ့သူတွေလည်း ဘာမှစိတ်မပူနဲ့နော်…။
သွားကြားထိုးတံလေးနဲ့လဲ လုပ်လို့ရပါတယ်…။
ဥပမာအနေနဲ့တော့ အဖြူ အနက် ခဲရောင်လေး သုံးထားလိုက်တယ်…။